စာမရေးတာ တော်တော်ကြာနေပီ။ ဓါတ်ပုံတွေရိုက်လိုက် လုပ်ချင်တာတွေ လုပ်လိုက်နဲ့ လျောက်အလေလိုက်နေခဲ့တာ။
ကဲ အခု Canon 60D နဲ့ Nikon D7000 အကြောင်း နဲနဲလေး ဆွေးနွေးပေးချင်တယ်နော်။ ဟိုတပတ်က သူငယ်ချင်းတစ်ယောက်က ကင်မရာ ဝယ်ချင်တယ်တဲ့။ သူက အခုမှ စစချင်းဝယ်မှာဆိုတော့ ဘယ်ကင်မရာကို ဝယ်ရမယ်မှန်းမသိဘူးဖြစ်နေလို့ ဝိုင်း စဉ်းစားပေးပါဆိုလို့ သူ့ကို ပြန်ပြီးမေးလိုက်တယ် မင်း က ဘယ်လောက်တန်လောက် ဝယ်မယ်စိတ်ကူးထားလဲလို့။ သူ့အနေနဲ့ စလုံး 2000တန်လောက် ထိနိုင်မယ်ဆိုတာနဲ့ Canon 60D နဲ့ Nikon D7000 နှစ်မျိုးကို ယှဉ်ပြီး လေ့လာရေးလုပ်ခဲ့မိတယ်။ ကိုယ်လေ့လာမိသလောက် ပြန်မျှဝေပေးတာပါ။ Canon သမားမို့လို့ Canonဘက် အားသာ ပြောထားတာရေးထားတာ မရှိပါဘူး။ အမြင်အတိုင်း ကို ချပြပေးမှာပါ။ သူငယ်ချင်းကိုလဲ ဒီအတိုင်းပဲ ဒေတာထုတ်ပေးခဲ့တာပါ။ ဘယ်ကင်မရာဝယ်ပါလို့လဲ မတိုက်တွန်းခဲ့ဘူး။
ကဲ ဟုတ်ပြီ ပထမဆုံး သူတို့ ရဲ့ Specifications တွေကို ချပြပေးမယ်။ Specifications ဆိုပေမယ့် အဓိက အချက်တွေပဲချပြပေးမှာပါ။
Canon 60D:
-18 megapixels
-ISO 100-6400 expanded to 12800
-HD Video with more fps options
-3″ Articulating rear LCD screen
-9 point autofocus system – all cross type
-5.3 frames per second maximum burst rate
-construction: aluminum chassis with polycarbonate body
-single SD card
-wireless flash triggering
-96% viewfinder
-size – slightly bigger but lighter
-$ 2,149.00
Nikon D7000:
-16.2 megapixels
-ISO 100-6400 expanded to 25600
-HD Video with full time autofocus
-3″ fixed rear LCD screen
-39 point autofocus system – with 9 cross type
-6 frames per second maximum burst rate
-construction: magnesium chassis with partial magnesium alloy body
-dual SD cards
-wireless flash triggering
-100% viewfinder
-size – slightly smaller but heavier
-S$2299
ကဲ အပေါ်က ယှဉ်ပြတာတွေကို အသေးစိတ်ပြန်ပြီး ဆွေးနွေးပေးကြည့်မယ်နော်။ ဆွေးနွေးချက်တွေက ကျွန်တော့် အမြင်ထက် သူများအမြင်တွေကိုလိုက်ဖတ်ပြီး ပြန်ပြောတယ်ဆို ပိုမှန်ပါလိမ့်မယ်။
Megapixels:
Canon မှာ 18MP ရတာဟာ Nikon ရဲ့ 16MP ထက်စာရင် ပိုတယ်။ Megapixels ဆိုတာကတော့ ပုံရဲ့ အရွယ်အစား ပိုကြီးတာကိုပြောတာဖြစ်တဲ့အတွက် Megapixels ပိုများတာဟာ ပုံအကြီးထုတ်ချင်သူတွေအဖို့တော့ အလွန် သင့်တော် ပါတယ်။ 60D က ပုံကြီးကြီး ထုတ်ဖို့ဆိုရင် ပိုအဆင်ပြေတဲ့ သဘောပေါ့။
ISO:
ဓါတ်ပုံသမားတစ်ယောက်အတွက် ပုံမှန်အားဖြင့်ဆိုရင် ISO:1600 ဆိုတာ အသင့်တော်ဆုံးပါပဲ။ ISO:3200 ဆိုတာ အရမ်း လိုအပ်တဲ့အခါတွေကြမှ ထုတ်သုံးသင့်တဲ့ အနေအထားပေါ့။ ဒီတော့ ကင်မရာ တစ်လုံးအဖို့ ISO အရမ်းများနေတာဟာ ရိုက်ချင်လို့ တမင်တင်ရိုက်ရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် ISO အရမ်းများတာ တကယ်တော့ အပိုလို့တောင်ပြောချင်ပြောလို့ရပါတယ်။
ဒါပေမယ့် ဖိုရမ်တွေနဲ့ တချို့နေရာတွေမှာ ငြင်းခုန်မှုတွေလုပ်ကြတာ မြင်ဘူးတယ်။ တကယ်တန်းယှဉ်ပြိုင်မယ်ဆိုရင်တော့ ISO အမြင့်ပိုင်းတွေမှာ Image ရဲ့ Quality ပိုကောင်းတာကတော့ Nikon ပါပဲ။ ISO အမြင့်ပိုင်းရောက်တဲ့အချိန်တွေမှာ ယှဉ်ရိုက်ကြည့်မယ်ဆိုရင် Nikon က Low noise ဖြစ်တာကိုတွေ့ရတယ်။ ဒါဟာ Nikon ရဲ့ အားသာချက်တွေထဲက တစ်ခုပါ။ ISO မှာတော့ Nikon က Canon ကို အမြဲနိုင်တာတွေ့ရပါတယ်။
HD Video:
Canon က 60fps(Frame per second) ပေးထားတာတွေ့ရတယ်။ Frame per second ဆိုတာကတော့ တစက္ကန့်အတွင်းမှာ လှုပ်ရှားမှုကို ဘယ်နှခု သိမ်းပေးနိုင်မလဲဆိုတာ ပြောတာပါ။ Video Quality အတွက်ကတော့ အရေးကြီးတဲ့အချက်တစ်ခုပဲ။ ဒါပေမယ့် Nikon ကတော့ 30fps or 25fps ထိပဲပေးနိုင်တာတွေ့ရတယ်။ HD Video ရိုက်ချင်သူများအတွက်ကတော့ Canon ဟာ အကောင်းဆုံးပါပဲ။ Canon 7D & Canon 1D mark IV တွေကိုသုံးပြီး Black Swan ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးသွားတာ အကောင်းဆုံး နာမူနာတစ်ခုပဲ။ Canon ကတော့ HD Video ပိုင်းမှာ ပိုပြီး သာတာကိုတွေ့ရပါတယ်။
LCD screen:
ဒါကတော့ Canon က rotation လုပ်လို့ရတဲ့ နည်းပညာအသစ်ကိုသုံးထားတဲ့ အတွက် Canon က ပိုသာမယ်လို့ ယူဆပါတယ်။ သာမာန်အချိန်တွေမှာ ပြဿနာမရှိပေမယ့် မြေကြီး(Ground level) ကနေ ပုံကို ရိုက်ကူးမယ်ဆိုရင်တော့ Canon ရဲ့ လှည့်လို့ရတဲ့ LCD က ပိုအားသာမှုရှိတာတွေ့ရတယ်။ အရမ်းကြီး အရေးကြီးတဲ့ အားသာချက်တော့မဟုတ်ပေမယ့် သုံးစွဲသူအတွက် တစုံတရာ အဆင်ပြေစေပါတယ်။
Auto focus system:
တကယ်တန်းပြောရရင် ဒီအချက်က နှိုင်းယှဉ်ပြရတာ ခက်ပါတယ်။ 39 AF point ပေးထားတဲ့ Nikon ကတော့ 9 point ပေးထားတဲ့ Canon ထက်တော့ ပိုများတယ်။ ဒါပေမယ့် Focus Point တွေ ဘယ်လောက်များများ အဓိကက လုံလောက်ဖို့ပိုအရေးကြီးတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ 1000D မှာ 7 point ပဲပါတာတောင် အဆင်ပြေအောင် ရိုက်လို့ရတာ 9 Point လောက်မှာ တော်တော် လုံလောက်နေပါပြီ။ ပြီးတော့ နောက်တစ်ခုက Nikon မှာ point တွေသာများတာ သူက Zone အလိုက် ပြောင်းသုံးရတာဖြစ်လို့ 9 Point ပဲရတဲ့ Canon ကတောင် ပိုပြီး အဆင်ပြေသလိုထင်မိပါတယ်။ ဒီတချက်မှာတော့ ကျွန်တော့်အနေနဲ့ Canon ကို အမှတ်ပိုပေးမိလိမ့်မယ်ထင်တယ်။
Maximum burst rate:
ဒီအချက်မှာတော့ Nikon က သူတင်ကိုယ်တင်လေး သာသွားတာတွေ့ရပြန်ပါတယ်။ Nikon က 6fps ရပြီတော့ Canon ကတော့ 5.3fps ရတာကိုတွေ့ရတယ်။ ဒါပေမယ့် Processor Speed နဲလို့ Canon fps ကျသွားတယ်လို့တော့ မထင်မိဘူးဗျ။ ဘာလို့လဲဆိုတော့ Continuous burst rate ကျတော့ Canon က 58 photo in JPEG နဲ့ 16 photo in RAW ထိ ရိုက်လို့ရတယ်။ Nikon ကျတော့ Continuous burst rate က 31 JPEG နဲ့ 10 RAW ပဲ limit လုပ်ထားတယ်။
Construction:
Nikon ပဲနိုင်ပါတယ်။ Canon ကတော့ အလေးချိန် နဲနဲလေး ပိုပေါ့တာတွေ့ရပေမယ့် Nikon သုံးထားတာကတော့ magnesium alloy ပါ။ ပိုဈေးကြီးပါတယ်။ Canon သုံးထားတာကတော့ Aluminum chassis with polycarbonate body ကို သုံးထားပါတယ်။ ကျွန်တော်လေ့လာမိသလောက်ကတော့ Nikon ရဲ့ အဓိက ဈေးကြီးရတဲ့အချက်ကတော့ ဒီအသုံးပြုတဲ့ သတ္တုပစ္စည်းကြောင့်လို့ထင်ပါတယ်။ ဘယ်လိုပင်ဖြစ်စေကာမူ အဓိက Camera Body တစ်ခုဟာ နေ့စဉ်အသုံးပြုနေသူတစ်ယောက်အတွက် ခိုင်ခံ့မှုရှိနေမယ်ဆိုရင် လုံလောက်ပြီိလို့ယူဆပါတယ်။ နှစ်ခုစလုံးကိုယှဉ်ကြည့်မယ်ဆိုရင် သတ္တုနှစ်မျိုးလုံးက Life Time ခံနိုင်ရည်ရှိပါတယ်။
SD Memory cards:
Nikon မှာ Dual cards ထည့်လို့ရပါတယ်။ Canon မှာတော့ Single ကဒ်ပါ။ သုံးရတာ Nikon ပိုအဆင်ပြေမယ်ထင်တယ်။
Wireless, remote flash triggering:
Wireless, remote flash triggering ကတော့ နှစ်မျိုးလုံးမှာ အဆင်ပြေတာတွေ့ရတယ်။ အတူတူပါပဲ။ ဘားမှကွာခြားချက်မရှိပါဘူး။ Flash ကို off camera ရိုက်ချင်တယ်ဆိုရင် Wireless flash triggering က အရမ်းအဆင်ပြေပါလိမ့်မယ်။
Viewfinder:
ဒီအချက်မှာတော့ ကျွန်တော် Nikon ကို ပိုသဘောကျတယ်ဗျ။ 100% အပြည့်မြင်ရလို့ပါ။ ဘာလို့များ Canon မှာ 96% ပဲ မြင်ရတာလဲဆိုတာ စဉ်းစားလို့ဥဏ်မမှီဘူး။ တကယ်တန်းကျတော့ ပုံတစ်ပုံ အတိအကျဘောင်ခတ်ပြီးရိုက်ချင်တယ်ဆိုရင် Canon က တော်တော် အဆင်မပြေဘူး။ သူက Viewfinder ထဲက ကြည့်ရင် 96% ပဲမြင်ရတော့ Lens အရှည်နဲ့ ရိုက်လေလေ ဒုက္ခရောက်လေလေပဲ။
Size and Weight:
အရမ်းမကွာပါဘူး။ Nikon နဲနဲပိုလေးပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ သုံးတဲ့ alloy ကွာလို့ပါ။ Canon က 675g နဲ့ Nikon 690g ပါ။ ဘားမှမကွာသလောက်ပါပဲ။
Prices:
Niko ကတော့ ပိုများပါတယ်။ ပုံမှန်မှာ 200 လောက်ပိုများတာတွေ့ရမယ်။ နောက်တစ်ခုက Niko အနေနဲ့ နောက်ပိုင်း အပိုပစ္စည်းတွေ ဝယ်တိုင်းမှာလဲ Canon ထက် နဲနဲလေးတွေပိုပိုများမယ်။
နောက်ဆုံးတစ်ခုအနေနဲ့ကတော့
Focal length multiplier တန်ဖိုးပါ။ ဒီနေရာမှာတော့ Nikon ဟာ ကင်မရာရဲ့ မူလ ဘိုးအေလို့ပြောတဲ့အတိုင်းပဲ Sensor size ပိုကြီးပါတယ်။ Nikon အတွက် Focal length multiplier ဟာ 1.5 ဖြစ်ပီးတော့ Canon အတွက်ကတော့ Focal length multiplier ဟာ 1.6 ဖြစ်နေတယ်။ တန်ဖိုးနည်းလေလေ Full Frame ဘက်ကို ပိုနီးလေလေဖြစ်တာမို့ Nikon က သိသိသာသာ ပိုကောင်းတာတွေ့ရပြန်တယ်။ Wilde angle ရိုက်မယ်ဆိုရင် Nikon ဟာ Canon ထက် ပိုသင့်တော်ပါလိမ့်မယ်။ Full frame ရဲ့ Focal length multiplier တန်ဖိုးကတော့ 1 ပါ။
ဒီလောက်ဆိုရင်တော့ ကင်မရာ နှစ်မျိုးလုံးမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိတယ်ဆိုတာ တွေ့ရမှာပါ။ ကိုယ်တိုင် စိတ်ကျေနပ်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်လဲ ဥာဏ်စွမ်းရှိသမျှ ရှာဖွေ ဖတ်ရှုပြီး ပြန်လည်မျှဝေပေးထားတာပါ။
ခရောင်းလမ်း

3 comments ဆိုတာ စာရေးသူ အတွက် အားဆေးလေး တစ်ခွက်ပါ:
စိတ်ဝင်စားတယ်ဗျ..
ွှီSGD 1K လောက်ပဲသုံးမယ်ဆို၇င်ကောဗျ..
ေ၇းပါအုံး...စောင့်နေပါ့မယ်
SGD 1K လောက်ပဲသုံးမယ် ဆိုရင်တော့ 1000D for Canon နဲ့ D3100 for Nikon နှစ်မျိုးရှိပါတယ်။
D7000 က Canon 7D နဲ့တောင် ယှဉ်လို့ရမယ့် မော်ဒယ်ခင်ဗျ။း)
60D က ဗီဒီယို အတွက်ဘဲ သာမယ်ထင်မိပါတယ်။ Nikon D7000 က ISO အရမ်းမြင့်တော့ ညဘက်တွေရိုက်ရင် 60D ထက်အရမ်းသာပါတယ်။ (7D ထက်တောင် သာပါသေးတယ်။ ညဘက်နော်။ နောက်ထပ် တခြား Night feature တွေပါသေးတယ်။ နေ့ဘက်ကတော့ အတူတူလောက်ပါပဲ။ မနေ့ကမှ ယှဉ်ရိုက်ကြည့်လိုက်လို့ နည်းနည်းသိတာ။ သိပ်တော့ မသိသေးဘူးဗျ။ လေ့လာနေဆဲပါ။) ကျွန်တော်ကတော့ 60D အစား D7000 ပဲရွေးတယ်။
Post a Comment